September 03, 2007

Mozilla Firefox Download

Click Here ဒီဟာကဘရောက်ဇာတွေထဲမှာအကောင်းဆုံးMozilla Firefox ဘရောက်ဇာပါ။ ဒီဘရောက်ဇာကိုလူတော်တော်များများသိကြပါတယ်။

September 02, 2007

ကြည့်ပါခင်ဗျာ

Photo Sharing and Video Hosting at Photobucket ဒီအကောင်တွေက အေးခဲနေတဲ့တောင်ပေါ်ဒေသတွေမှာနေပြီးတော့ သာမန်အားဖြင့်ပေါင်၁၅၀ကနေ၂၀၀ကြားရှိတယ်။ ဦးခေါင်းမှာချိုနှစ်ချောင်းလည်းပါတယ်။ သူတို့ ကအသီးအရွက်အဓိကထားပြီးစားတယ်။ သူတို့ ကအမွေးကအညိုရောင်ရှိပြီးနုညံ့တယ်။ အမွေးကထူတော့အပူဒဏ်ခံနိုင်အောင်လို့ ဆိုပြီးအောက်ကရွံ့တွေခင်းပေးထားတယ်။ ဟိုတစ်လောကတောင်အဲဒီကဝန်ထမ်းတစ်ယောက်ချိုနဲ့ ခွေ့လိုက်သေးတယ်။ ဒဏ်ရာရသွားတာတော်တော်ပြင်းတယ်။ မေမြို့ရောက်ရင်အဲဒီအကောင်တွေကိုသွားကြည့်လိုက်ဒာုံးနော်။ အခြားအကောင်တွေလည်းရွိပေမဲ့အချိန်မရလို့ ဓာတ်ပုံမရိုက်ခဲ့ရဘူး။ ငန်းနက်လေးတွေကိုရိုက်ခဲ့ပေမဲ့ဓာတ်ပုံဆိုက်ဒ်ကကြီးနေလို့ ချဲု့ပြီးမှပဲတင်ပါတော့မယ်။ Googleမှာရှာချင်ရင်တော့Takinကိုနှိပ်လိုက်ပါ။

August 30, 2007

English Grammer အကြောင်းသိကောင်းစရာ (အမှတ်စဉ်1)

  • NumberရှေမှာA နှင့်The မှားသုံးမိခြင်း-အရေအတွက်
  • x A number of thieves are increasing
  • @The number of thieves is in creasing.
  • မှတ်ရန်။ ။The number of ဆိုတာ ကိန်းဂနန်းတစ်ခုကို ရည်ညွန်းကြောင့် singular verb(တြိယာ
  • အနည်းကိန်း)ကို အသုံးပြုရတယ်။
  • ပုံစံ။ ။The number of + singular verb
  • xA number of cars was parked outside the school
  • @A number of cars were parked outside the school
  • မှတ်ရန် ။ ။ A number of သည် အရေအတွက်များစွာသော ဟုဆိုလိုတာဖြစ်တာကြောင့် Plural
  • verb(တြိယာအများ)သုံးရပါတယ်။

အမှတ်စဉ်2

  • Space အစားThe spaceမှားသုံးမိခြင်း-အာကာသ
  • xThere are millions and millions of stars in the space.
  • @There are millions and millions of stars in space.
  • မှတ်ရန်။ ။အာကာသကိုရည်ညွန်းလိုလျင် "space"ရှေ့ မှာ "the"ခံရန်မလိုပါ။
  • "The space"လို့ ဆိုလျင် လစ်လပ်နေသောနေရာ(သို့ )ဟာကွက်ကို ဆိုလိုတာဖြစ်သွားပါလိမ့်မယ်။

(အမှတ်စဉ်3)

  • 2 Obey နောက်မှto မှားသုံးမိခြင်း=စကားနာခံသည်
  • x-He was a very good boy and obeyed to his parents.
  • @He was a very good boy and obeyed his parents.
  • မှတ်ရန်။ ။ "Obey"(စကားနာခံသည်)ဟူသောVerb(တြိယာ)နောက်မှာ "to"မပါဘဲObjectတိုက်ရိုက်လိုက်ရမယ်။

August 29, 2007

(အမှတ်စဉ်4)

  • ဒီနေ့ တစ်နေကုန်စဉ်းစားနေတာဘာပို့ စ်
  •်တင်ရမလဲအခုမှားသုံးတတ်တဲ့Englishစကားလုံးအကြောင်းဆွေးနွေးရအောင်။
  • ဒီထဲမှာအမှန်ခြစ်မပါသည့်အတွက်@ကိုအမှန်ခြစ်အဖြစ်သတ်မှတ်ပါမယ်
  • 1 never နှင့်to ကိုခွဲခြားသုံးမိခြင်း=မည်သည့်အခါမျ
  • x I asked him to never arrive late
  • @I asked him never to arrive late.
  • မှတ်ရန်။ ။"Not"(သို့ )"Never "ကို toဖြင့်ခွဲမထားဘဲ အမြဲတွဲသုံးရပါမယ်
  • eg- You are not to go any where.

Flock ဘယောက်စ်စာ Download

click here!

ဒီဟာကFlockဆိုတဲ့Browserတစ်ခုပါ။ကောင်းပါတယ်။စမ်းသုံးကြည့်ကြပါ။ ကြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်။အဲဒီအပြင်ကိုယ်ကကိုယ်ကြိုက်တဲ့ဟာတစ် ခုခုကိုကိုယ့်ဘလော့မှာတင်ချင်တယ်ဆိုရင်လည်းဒီFlockကနေပို့ လို့ ရပါ တယ်။ ပို့ နည်း။ ။့right Click နှိပ်ပြီးအောက်ဆုံးမှာBlog Thisဆိုတာကို နှိပ်ရုံပါပဲ။

August 27, 2007

oovoo chat download

click here

ဒီဟာလေးကoovooဆိုတဲ့Free Video Chat ပါ။စမ်းသုံးကြည့်ကြပါအုံး။

ဒီဟာကမHotstarဆီကရခဲ့တာပါ။

August 21, 2007

လျှောက်လုပ်ထားသောဓာတ်ပုံများ

ပုံတွေကမလှပေမဲ့ကြည့်ရှုပေးပါရန်တောင်းဆိုပါသည်။တစ်ယောက်တည်းပျင်းတာနဲ့ လျှောက်လုပ်ရင်း နဲ့ ဂွတ်ဒီးရဲ့ လှပတဲ့ဒီဇိုင်းလေးကိုဝေဖန်ပေးကြပါအုံး။

Mandalayမြို့ ရဲ့ မိုးရွာတဲ့နေ့ တစ်နေ့ 

မိုးအရမ်းရွာတဲ့ဟိုနေ့ ကစာအုပ်ဖတ်ရင်းpostတစ်ခုတင်ချင်တယ်လို့ စဉ်းစားနေတုန်းမှာဘဲမိုးရွာလာတယ်။ ဒါနဲ့ အတော်ပဲဆိုဓာတ်ပုံရိုက်လိုက်တာ။ရိုက်ထားတာလေးရက်လောက်ရှိနေပြီ။မတင်ဖြစ်တာနဲ့ ဒီနေ့ မှတင်လိုက်တာ။ အဲဒီနေ့ က့ မိုးကတော်တော်ပြင်းပြင်းထန်ထန်ရွာတာ။

August 20, 2007

သြဂုတ်လ31နေ့ Blog Day ဖြစ်ပြီး MICT Park မှာBlog Day ကျင်းပမှာဖြစ်ပါတယ်။

August 16, 2007

ဆရာကိုအန်တုတဲ့တပည့်

ဟိုတစ်နေ့ ကကျောင်းမှာဆရာမကပုံပြင်လေးတစ်ပုဒ်ပြောပြတာ သူကဆရာတစ်ဦးဆီမှာ ဆင်ထိန်းပုံထိန်းနည်းသင်တာပေါ့ သူ့ ဆရာကလည်းတစ်ခြားသူတွေနဲ့ ယှဉ်လိုက်ရင်သူက ကြိုးလည်းကြိုးစား၊သူများတွေထက်လည်းတတ်လွယ်တော့ သူ့ ကိုချီးကျူးတာပေါ့။ဆရာတတ်သမျှအားလုံးသင်ပြီးပညာ စုံတော့သူ့ ဆရာကိုဘုရင်ဆင်ထိန်းအဖြစ်လုပ်ချင်တယ်ဆိုတော့ သူ့ ဆရာကလည်းဘုရင်ကိုပြောတာပေါ့။သူ့ တပည့်ကိုခန့် ဖို့  ပြောတာပေါ့။ဘုရင်ကလည်းဘာမှမညည်းညူဘဲနဲ့ ခန့် လိုက် တာပေါ့။အချိန်တွေကြာလာတော့သူ့ ဆရာကိုဆရာနဲ့ တူညီတဲ့ လခရချင်တယ်လို့ ပြောတော့ဆရာကလည်းဘုရင်ဆီကိုလျှောက်တော့ဆရာတတ်တဲ့ပညာနဲ့ ယှဉ်နိုင်လို့ လားလို့ မေးတော့ယှဉ်နိုင် ပါတယ်ဆိုတော့ယှဉ်ပြိုင်တာပေါ့။သူ့ ဆရာကလည်းအခက်ကြုံတာ ပေါ့။သူတတ်သမျှပညာတွေအားလုံးသင်ပေးထားတာဆိုတော့သူစဉ်းစား တာပေါ့။ယှဉ်ပြိုင်မယ့်နေ့ လည်းရောက်ရောလူတွေကလည်းဆရာနဲ့  တပည့်ယှဉ်ပြိုင်ပွဲဆိုတော့လာကြည့်ကြတာပေါ့။အစပိုင်းတော့ဆင်ကို ခိုင်းတာတွေကအတူတူပဲဆိုတော့လူတွေကဘယ်သူနိုင်မလဲတောင် စဉ်းစာလို့ မရဘူး။နောက်ဆုံးယှဉ်ပြိုင်တဲ့ပွဲမှာဆင်ခိုင်တာနဲ့ ဆန့် ကျင် ဘက်လုပ်ခိုင်းတော့သူ့ တပည့်ကမလုပ်နိုင်တော့ဘူး။ဆင်ကပေကပ်ကပ် လုပ်နေတော့သူ့ မှာတစ်ယောက်တည်းချွှေးဇောတွေပြန်နေတယ်။နောက်ဆုံး တော့လူတွေကသူ့ ကိုဆရာကိုအန်တုရသလားဆိုပြီးမောင်းထုတ်ကြတယ်။ ဆရာကိုအန်တုရင်ဘာဖြစ်သလဲဆိုတာကိုပြောပြချင်တာပါ။

August 15, 2007

ဖတ်မိတဲ့စာအုပ်လေး.........

ဒီနေ့ စာအုပ်လေးတစ်အုပ်ဖတ်မိတာ သူကပေါလီယာနာဆိုတဲ့စာအုပ်ပါ။အဲဒီကောင်မလေးလူတွေအပေါ အရမ်းကြင်နာတတ်တယ်။သူကိုတစ်ခါမှကလေးမချစ်တဲ့သူတွေ၊ဘယ်သူနဲ့ မှစကားမပြောတဲ့သူတွေက တောင်သူကိုခင်မင်တယ်။သူကဘယ်လောက်ကြင်နာလဲဆိုသူအမေအပျိုတုန်းကသူ့ အမေကိုကြိုက်တဲ့သူကို တောင်ခင်မင်တယ်။သူ့ ကအမြဲတမ်း"ဝမ်းသာစရာပဲ"ကိုပြောတယ်သူစိတ်ထဲမှာမကြိုက်ပေမဲ့သူ့ တစ်ပါးစိတ် ကျေနပ်အောင်လုပ်တယ်။ဒီဇာတ်လမ်းလေးက1990ဝန်းကျင်ကကလေးသရုပ်ဆောင်Englandစိန်ကဘာသာ ပြန်ပြီးသရုပ်ဆောင်ထားတာပါ။

August 13, 2007

သီချင်းတွေကိုဒီWebကနေရှာလို့ ရပါတယ်

eSpew.com - Free Online MP3 Music Search Engine

ိဒီပာာလေးကသီချင်းSearch Engine လေးပါ စမ်းသုံးကြည့်ပါအကျီုးရှိလိမ့်မယ်လို့ ထင်ပါတယ်။

August 11, 2007

ဦးပိန်အလည်အပတ်အမှတ်တရလေး

ဒီနေ့ ဦးပိန်တံတားသွာခဲ့တာ ရေကြီးလို့ လူတွေမရှိဘူးမှတ်နေတာခါတိုင်းထက်တောင်ပိုများနေသေးတယ်။နောက်ပြီးကျတော့်စနေနေ့ လည်းဖြစ်တာကိုး။အမှတ်တရလေးတစ်ခုပြောပြချင်တယ်။ကောင်မလေးတစ်ယောက်က ဒေါက်ဖိနပ်စီးလာတာဒေါက်ဖိနပ်ကကျဲနေတဲ့နေရာထဲမှာဝင်သွားတော့ သူမှာရှက်ကရှက်သေးတယ်။ဖိနပ်ကဆွဲထုတ်လို့ မရဘူးဖြစ်နေတယ်။ ရယ်တော့ရယ်ချင်တယ်။သူရှက်သွားမှာကြောက်လို့ မရယ်ဘဲအောင့်ထားရတယ်။

August 10, 2007

ကြိုးစားခြင်း

မြစ်ကိုဖြတ်တော့ ဖြောင်းဖြူးပေမဲ့ ပင်လယ်ဝရောက်တော့ ခက်ခဲမှုများစွာ ခိုင်မာစိတ်နဲ့ ကြိုးစားရမှာ ပန်းတိုင်ရောက်ဖို့ အလှမ်းမဝေးတော။ ဒီကဗျာလေးကကြိုးစာမှုတွေနဲ့ ကျော်လွားနိုင်အောင်လို့ ရေးလိုက်တဲ့ကဗျားလေးပါ

စတင်ခြင်း

တောင်ကိုစတက်တော့ ခက်ခဲပေမဲ့ တောင်ပေါရောက်တော့ ပျော်ရွှင်စွာ ဆက်တက်ရမယ်လမ်းများစွာ မျှော်လင့်ရနေဘိ။

August 09, 2007

ခရီးသွားမှတ်တမ်းဓာတ်ပုံများ

Cool Slideshows!

Even if I just clap my hands, the effect is everywhere,in the faraway galaxies. လက်ဝါးနှစ်ဖက်ရိုက်တာတောင် အာနိသင်က နေရာအနှံ့ ရောက်မှပဲ ဟိုအဝေးဂလက်ဆီတွေအထိ ရောက်ရှိတော့တယ်။ လက်ဝါးနှစ်ဖက်ရှိက်တာတောင်နေရာအနှံ့ ဂလက်ဆီတွေအထိ့ ရောက်တယ်ဆိုရင် လက်ဝါးဆယ်ဖက်ဆိုရင်စကြာဝဠာတစ်ခုလုံးပျံ့ နှံ့ သွားမှပေါ့။

ဆောင်းပါး

"တကယ်ပညာရှင်တစ်ယောက်အနေနဲ့  ပညာမျက်နှာမှလွဲပြီး ဘာကိုမှမကြည်သင့်။ လိုအပ်လျှင် အများနှင့်မတူ ကွဲလွဲဆန့် ကျင်ရဲသောရဲရင့်မှုရှိရမည်" ပညာရှိဆိုတာပညာကလွဲပြီး အခြားဘာကိုမှမကြည့်သင့်ပါဘူး။ဖြစ်မယ်ဆိုရင် အခြားသူနဲ့ မတူတဲ့ရဲရင့်မှုရှိရမယ်။

ရေတွင်းထဲမှာနေရရှာတော့ ရေတွင်းဘောင်ကအနားသတ်ပေးသလောက်သာ ကောင်းကင်ကြီးကိုမြင်ရတာပေါ့။ အဲ.......ရေတွင်းထဲက ခုန်လိုက်နိုင်တော့မှပဲ ကောင်းကင်ကြီးကို ရှင်းရှင်းမြင်ရတော့တယ်။ အမြင်ကျဉ်းတဲ့နေရာမှာနေရင် အမြင်ကျဉ်းတဲ့နေရာကပေးသလောက်ရသလိုဘဲ၊အမြင်ကျယ်တဲ့နေရာမှာနေရင် သိထားသင့်တာထက်ပိုပြီး သိလွယ်တာပေါ့။

ကိုယ်ပိုင်အတွေ့ အကြုံဆိုတာ ကြေကြီးပေးသင်ရတဲ့ကျောင်း ဈေးချိုချိုနဲ့ စာအုပ်တွေထံက တစ်ဆင့်ခံအတွေအကြုံတွေ ရနိုင်ပါတယ်။ လူမိုက်ကတော့ ဘယ်ကျောင်းကမှ ပညာမသင်ဘူး။

အချန်ကာလဆိုတာတွန့် လိပ်သွားတာချည်းပ

ကာလဟာတွန့် လိပ်သွားတာချည်းပဲ။ တရှေ့ရွေ့ကုန်သွားတာနဲ့ အမျ အချန် ကာလတွန့် သွားတာပဲ။အင်မတန်ပူပြင်း၊ အင်မတန်အေးရင်တဲ့။ဒါနဲ့ ပဲအချန်ကပြန်နီး လာပြန်ရော။အဲဒါကြောင့်မလို့ ကဗျာတစ်ပုဒ် စပ်ထားတာရှိတယ်။ ကာလဟာ မင်းကိုသူ့ စောင်ခြုံထဲထည့်လိပ်တာ နူးနူး ညံ့ညံ့၊မင်းကို ပတ်ပတ်လည်ကိုရစ်ပတ်တာပ၊ ဘာလို့ လဲဆိုတော့ သူမရှိရင် မင်းဘယ်မှာရွိမတုန်း။

Man is unique not because he does science, and he is unique not because he dose not art, but because science and art equally are expressions of his marvellous plasticity of mind. လူရယ်လို့ တမူးထူးတာ သူက Scienceတတ်လို့ မဟုတ်ဘူး။ လူရယ်လို့ တမူးထူးတာ သူက အနုပညာတတ်လို့ မဟုတ်ဘူး။ သူ့ စိတ်မွာ ပြုမူလွယ်တဲ့ အံ့လောက်တဲ့ အရည်အချင်းရွိသကိုး။ Scienceနဲ့ အနုပညာက အဲဒီအရည်အချင်းကို ညီတူတန်းတူဖော်ထုတ်တာပဲ။ အဲဒီဖော်ထုတ်ချက်ကြောင့် လူဟာတစ်မူးထူးတာပါ။

August 08, 2007

Games1

ဘ၀ပန်းတိုင်ဆိုတာ

ဘ၀ပန်းတိုင်ကား အမှန်တကယ်ကောင်းမွန်ရန်နှင့်အမှန်တကယ်ပျော်ရွင်ချမ်းမြေ့ ရန်မဟုတ်လော။ လိုက်လံရှာဖွေနေသော လူတို့ ၏အဖြစ်သနစ်နှင့် ရွေးချယ်မှုများ၏ရှုံးနိမ့်ခြင်း၊ အောင်မြင်ခြင်းများကိုစာကြီးပေကြီးများက ကျွန်တော်တို့ မြင်ရန်ကူညီပါသည်။

August 07, 2007

Pyin Oo Lwin View

Cool Slideshows!
ဒီပုံတွေကပြင်Uလွင်သွားတုန်းကရိုက်ခဲ့တာပါ။

August 06, 2007

အောင်မြင်ခြင်းဆိုတာ

ပင်ဆင်ခြင်းဟာ အောင်မြင်ခြင်းရဲ့ မှတ်တိုင်။ ၀ိရိယရျိမှုကလည်းအောင်မြင်းခြင်းရဲ့ အစ။ ပြင်ဆင်ခြင်း၊၀ိရိယရျိမှုဟာအောင်မြင်ငြ်းခြင်းရဲ့ သော့ချက်ပဲ။

Gtlalkနှစ်ခုသုံးရအောင်

Gtalkကိုright clickနှိပ်ပါ။ပြီးရင်propertiesကိုခေါပါ။shortcutကိုနှိပ်ပါ။Targetထဲမှာ "C:\Program Files\Google\Google Talk\googletalk.exe" /nomutex Program Filesက Gtalkမှတ်ထားတဲ့Program Filesကိုပြောင်းပေးရပါမယ်။

Registery Machanic Keys

Register MachanicကိုDownloadလုပ်ပြီးရင်အဲဒီဟာကိုခေါပါ။ပြီးရင်ဘေးမှာပေးထားတဲ့ထဲကaboutကိုနှိပ်ပါ ဒါကိုဖြည့်ပါ။Downloadမလုပ်ရသေးရင်ဘေးမှာlinkပေးထားပါတယ်။ Todd Henderson S/N: 568B-EC7D-E14D-7D6E-B883-138C-1D06-8731 Version No 6.o.0.750အတွက်

ဘ၀ဆိုတာ

ဘ၀ဆိုတာခက်ခဲခြင်းတွေကျော်ပြီး ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိဖို့ ပဲ။

သူငယ်ချင်းကောင်း

သူငယ်ချင်းကောင်းရတယ်ဆိုတာကံကောင်းခြင်းတစ်ပါး။ သူငယ်ချင်းကောင်းရဖို့ ဆိုတာလည်းမလွယ်လှ။ တကယ်လို့ သူငယ်ချင်းကောင်းရတယ်ဆိုရင်လည်းလောကတစ်ခုလုံးမှာကောင်းတဲ့လာဘ်ကြီးတစ်ပါးပဲ။

Myanmar Views

Cool Slideshows!
ဒီပုံတွေကတော့ငွေဆောင်၊Uပိန်တံတားသွားတုန်းကရိုက်ခဲ့တာပါ။