August 16, 2007

ဆရာကိုအန်တုတဲ့တပည့်

ဟိုတစ်နေ့ ကကျောင်းမှာဆရာမကပုံပြင်လေးတစ်ပုဒ်ပြောပြတာ သူကဆရာတစ်ဦးဆီမှာ ဆင်ထိန်းပုံထိန်းနည်းသင်တာပေါ့ သူ့ ဆရာကလည်းတစ်ခြားသူတွေနဲ့ ယှဉ်လိုက်ရင်သူက ကြိုးလည်းကြိုးစား၊သူများတွေထက်လည်းတတ်လွယ်တော့ သူ့ ကိုချီးကျူးတာပေါ့။ဆရာတတ်သမျှအားလုံးသင်ပြီးပညာ စုံတော့သူ့ ဆရာကိုဘုရင်ဆင်ထိန်းအဖြစ်လုပ်ချင်တယ်ဆိုတော့ သူ့ ဆရာကလည်းဘုရင်ကိုပြောတာပေါ့။သူ့ တပည့်ကိုခန့် ဖို့  ပြောတာပေါ့။ဘုရင်ကလည်းဘာမှမညည်းညူဘဲနဲ့ ခန့် လိုက် တာပေါ့။အချိန်တွေကြာလာတော့သူ့ ဆရာကိုဆရာနဲ့ တူညီတဲ့ လခရချင်တယ်လို့ ပြောတော့ဆရာကလည်းဘုရင်ဆီကိုလျှောက်တော့ဆရာတတ်တဲ့ပညာနဲ့ ယှဉ်နိုင်လို့ လားလို့ မေးတော့ယှဉ်နိုင် ပါတယ်ဆိုတော့ယှဉ်ပြိုင်တာပေါ့။သူ့ ဆရာကလည်းအခက်ကြုံတာ ပေါ့။သူတတ်သမျှပညာတွေအားလုံးသင်ပေးထားတာဆိုတော့သူစဉ်းစား တာပေါ့။ယှဉ်ပြိုင်မယ့်နေ့ လည်းရောက်ရောလူတွေကလည်းဆရာနဲ့  တပည့်ယှဉ်ပြိုင်ပွဲဆိုတော့လာကြည့်ကြတာပေါ့။အစပိုင်းတော့ဆင်ကို ခိုင်းတာတွေကအတူတူပဲဆိုတော့လူတွေကဘယ်သူနိုင်မလဲတောင် စဉ်းစာလို့ မရဘူး။နောက်ဆုံးယှဉ်ပြိုင်တဲ့ပွဲမှာဆင်ခိုင်တာနဲ့ ဆန့် ကျင် ဘက်လုပ်ခိုင်းတော့သူ့ တပည့်ကမလုပ်နိုင်တော့ဘူး။ဆင်ကပေကပ်ကပ် လုပ်နေတော့သူ့ မှာတစ်ယောက်တည်းချွှေးဇောတွေပြန်နေတယ်။နောက်ဆုံး တော့လူတွေကသူ့ ကိုဆရာကိုအန်တုရသလားဆိုပြီးမောင်းထုတ်ကြတယ်။ ဆရာကိုအန်တုရင်ဘာဖြစ်သလဲဆိုတာကိုပြောပြချင်တာပါ။